News & Events

Yangon - Thanlyin Trips on Weekends

Thursday, 01 November 2018 1342

Yanagon Water Bus ရဲ့ အစီစဉ်တွေကို စောင့်မျှော်နေကြတဲ့ ခရီးသွား ပြည်သူများအတွက် WeekEnd သန်လျင်ကျောက်တန်း ဘုရားဖူး ခရီးစဉ် ရောက်ရှိလို့လာပါပြီ။

ကျောက်တန်းရေလယ်ဘုရားခရီးစဉ် ကို (၄.၁၁.၂၀၁၈) မှစ၍ တနင်္ဂနွေနေ့များတွင် ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှ နံနက် ၁၀ နာရီ အချိန်တွင်စတင် ထွက်ခွါ မှာဖြစ်ပြီး လိုက်ပါ စီးနင်းသော ခရီးသည်များအနေဖြင့် သင်္ဘောပေါ်တွင် လေညင်းခံ၍ သန်လျင်ရေလည်ကျောက်တန်း သို့ သွားသည့် ခရီးတစ်လျောက် မြင်ကွင်းအလှများကို ခံစားရမည်ဖြစ်ပြီး ၂ နာရီခန့် မောင်းနှင်အပြီးတွင် သန်လျင်ရေလည်ကျောက်တန်းသို့ ရောက်ရှိမှာဖြစ်ပါတယ်။ ကျောက်တန်း ဘုရားဖူးခြင်း နှင့် ကမ်းနားဈေး လည်ပတ်ရန် အတွက် အချိန် ၂ နာရီ ရရှိမှာဖြစ်ပါတယ်။ လိုက်ပါစီးနင်းမည့် ခရီးသည်များ အနေဖြင့် တစ်ဦးလျှင် ၆၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပါတယ် ။ ရေသန့်၊ ကော်ဖီ ၊ နေ့လယ်စာ များဖြင့် ဧည့်ခံသွားမှာဖြစ်ပြီး ထိခိုက်မှုရှိခဲ့ လျှင်လည်း အာမခံ ရရှိမှာဖြစ်ပါတယ်။ လက်မှတ်များကို - Yangon Water Bus ၏
  • Facebook Page Messenger မှလည်းကောင်း
  • ဖုန်းနံပါတ် ၀၉၉၅၂၅၅၃၇၇၇ သို့ လည်းကောင်း
  • Viber: ၀၉ ၉၇၄၅၄၅၄၅၇ သို့ လည်းကောင်း
နံနက် ၇ နာရီမှ ည ၇ နာရီအတွင်း Booking လုပ် နိုင်ပါသည်။ ဗိုလ်တထောင် ဆိပ်ကမ်း သို့လည်း ကိုယ်တိုင် သွားရောက် ဝယ်ယူနိုင်ပါသည်။ Confirm ဖြစ်ထားသော Phone Booking ၊ Messenger Booking များနေဖြင့်လည်း သင်္ဘောမထွက်ခွါမီ ၄၅ မိနစ်ခန့် စောပြီး လက်မှတ် ဖြတ်ပေးရမှာဖြစ်ပါတယ်။ နောက်ကျသော Booking လက်မှတ် များမှာ အခြေအနေ အရ Cancel ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ခင်ဗျာ။ ဝန်ဆောင်မှုများ ကတော့ - ရေသန့်/ကော်ဖီ/နေ့လယ်စာ /ကူးတို့လှေခ/ ထိခိုက်မှု အာမခံ များပါဝင်ပါတယ်။
  • နိုင်ငံသား ခရီးသည် တစ်ဦး လျှင် - ၆၀၀၀ ကျပ်
  • နိုင်ငံခြားသား ခရီးသည် တစ်ဦး လျှင် - $15

Terms & Policies

Frequently Asked Question(s)

How do I buy tickets for Yangon Water Bus?
You can buy normal tickets at our jetty ticketing counters. You can also book from Facebook and Viber for special weekend trips such as Sunset trip, Kyauktan trip and Twente trip. But, still have to buy a ticket at the Botahtaung jetty.


ရန်ကုန်ဝါးတားဘတ်စ် လက်မှတ်များကို ဘယ်လိုဝယ်ယူရနိုင်မလဲ?
ပုံမှန်ခရီးစဉ် လက်မှတ်များကို သတ်မှတ်ထားသော ဆိပ်ကမ်းလက်မှတ်အရောင်းဌာနများတွင် ဝယ်ယူရနိုင်ပါသည်။ အခြားသော စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် အထူးခရီးစဉ်များအတွက်မူ Facebook Page နှင့် Viber group များမှ ဝယ်ယူရနိုင်ပါသည်။
Where are the jetties?
Are there bus-stops near the jetties?
What are the operation hours of Yangon Water Bus?
All Rights Reserved. © Copyright 2020 Yangon Water Bus.

Search